လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းအနေဖြင့် သာရေးနာရေး လူမှုရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖေါ်ဆောင်နိုင်ရေးအတွက် (ဒုတိယနေ့) (၉ - ၁၁ -၂၀၁၁) ဗုဒ္ဓဟူးနေ့တွင် ဆရာတော် ဦးသုစိတ္တ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ နာယကအဖွဲ့နှင့် အဖွဲ့ဝင်များသည် ဖူးကတ်မြို့၊ ပါသောင် တောင်ပေါ်ပန်းရံဆိပ်၌ အသင်း၏ မူဝါဒလမ်းစဉ်များနှင့်၊လုပ်ငန်းဆောင်တာများကို ရှင်းလင်းခဲ့ရာ
တက်ရောက်လာသူများသည် အသင်း၏ မူဝါဒလမ်းစဉ်နှင့် လုပ်ဆောင်ချက်များကို လက်ခံကြပြီးနောက် ၄င်းထဲမှ လူ ၂၅ ယောက်သည် အသင်းဝင်အဖြစ် ဝင်ခဲ့ကြပြီး ကျန် - ၃၅ ယောက်တို့သည် ယခင်က လေးဝတီအသင်း၏ လုပ်ဆောင်ချက်များကို လက်မခံနိုင်သည့်အတွက် ယခု လေးဝတီအသင်း၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်နေဦးမှာဖြစ်သည်။
လေးဝတီအသင်းမှ ချမှတ်ထားသည့် မူဝါဒလမ်းစဉ်အတိုင်း လက်ရှိလူတွေဘက်မှ မှန်မှန်ကန်ကန် လုပ်ဆောင်မည်ဆိုလျှင် လာမည့်ဒီစင်္ဘာ (၃၁)ရက် (ရခိုင်ပြည်အချုပ်အခြာအာဏာကျဆုံးနေ့) အခမ်းအနားပွဲ၌ လေးဝတီအသင်းဝင်အဖြစ် ဝင်ရောက်ကြမည်ဟု ပြောဆိုခဲ့ကြသည်။
No comments:
Post a Comment