ရခိုင်ပြည်၊ မင်းပြားမြို့ နယ်၊ နရမ်းကျေးရွာမှ ကိုမောင်ထွန်းသိန်းသည်။ ဖူးကတ်မြို့၊ ပါသောင်
တောင်ပေါ်ပန်းရံဆိုဒ်၌ (၁၂၊ ၁၁၊ ၂၀၁၁) စနေနေ့ ညအချိန်ပို (OT) ဆင်းနေချိန်
ဆိုဒ်အတွင်း၌ ဆောက်လုပ်ရေးပစ္စည်း သယ်ယူပို့ဆောင်နေသောကားကြီးတစ်စီး
တောင်ပေါ်၌ရပ်ထားရာမှ ကိုမောင်လှသိန်းနှင့် ကိုမောင်ထွန်းသိန်းတို့ အလုပ်လုပ်နေသည့်
တောင်အောက်သို့ ပြုတ်ကျလာသဖြင့် နှစ်ယောက်လုံး ထွက်ပြေးကြရာ ကိုမောင်လှသိန်း လွတ်မြောက်သွားပြီး
ကိုမောင်ထွန်းသိန်းမှာကားကြီး၏ နောက်ဖင်နှင့် ဆောင့်တိုက်လိုက်သဖြင့် ခြေထောက်တဖက်နှင့် ကိုယ်ခန္ဓာ အနည်းငယ်ထိုက်ခိုက်သွားခဲ့သည်။

ယခု ဖူးကတ်မြို့၊ ပါသောင်ဆေးရုံ၌ ဆေးကုသခံမှုခံယူနေရသည်။ ခန္ဓာကိုယ်မှာ တစုံတရာ ကျိုးပဲ့သွားခြင်းမရှိ၊ အသက်အန္တရာယ်မှာလည်း စိုးရိမ်စရာမလိုဟု သတင်းရရှိသည်။
လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း
ဖူးကတ်၊ ထိုင်းနိုင်ငံ။
No comments:
Post a Comment