လေးဝတီ အသင်းအကြောင်းကို ဟောပြောရှင်းလင်းနေစဉ် |
လေဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းကို ၂၀၁၁-ခုနှစ် စက်တင်္ဘာလ (၉) ရက်၊ ဆရာတော် ဦးဥတ္တမနေ့တွင် ပြန်လည် ဖွဲ့စည်းသည်။ ၄င်းဖွဲ့စည်းပြီးနောက် တလအတွင်းမှာ နာရေးနှင့် လူမှုကူညီစောင့်ရှောက်ရေး (၅)ခုကို လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ စတင်အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခဲ့သည်။
လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းအနေဖြင့် (ပြည်ပရောက်) ရခိုင်သူ၊ ရခိုင်သားတို့၏ သာရေးနာရေး လူမှုကူညီရေးစသည့် အများအကျိုးပြုလုပ်ငန်းကို လုပ်နိုင်ရန်အတွက် ရည်ရွယ်သည်။
အထက်ရည်ရွယ်ချက်ပါ လုပ်ငန်းများကို အကောင်အထည် ဖေါ်ဆောင်နိုင်ရန်အတွက် ဥက္ကဋ္ဌ ကိုစိုမြင့်၊ နာယက ဦးထွန်ဝင်း၊ ဦးသန်းမောင်း၊ စာရင်းစစ် ကိုအမောင်နှင့်အဖွဲ့ဝင်များသည် ဖူးကတ်မြို့၊ ပေါက်ခေါင်း ပန်းရံဆိပ်၌ ရခိုင့်ရွှေ့ပြောင်းအလုပ်သမားများအား လက်ရှိလေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း၏ လုပ်ငန်းစဉ်များနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းခဲ့ရာ လူပေါင်း (၅၀) ကျော်လောက်တက်ရောက်ဆွဲနွေးခဲ့သည်။
လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ ဦးစီးပြီး နွေရာသီကာလတွင် ကွန်ပျူတာ(အခြေခံသင်းတန်)နှင့် အဖွဲ့အစည်း၏ မူဝါဒလမ်းစဉ်များ၊ အမျိုးသားရေး စာရွက်စာစောင်များဖြန့်ချီရေး သဘောတူညီချက် တခုကိုလည်း အတည်ပြုနိုင်ခဲ့သည်။ တက်ရောက်လာသည့် ရခိုင်ရွှေ့ပြောင်းအလုပ်သမား (၅၀)ကျော်တို့သည် လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း၏ လုပ်ငန်းစဉ်နှင့် မူဝါဒများကို လက်ခံကြပြီး အဖွဲ့ဝင်အဖြစ် ကိုယ်တိုင် ဝင်ရောက်ခဲ့ကြပါသည်။
ရခိုင့်ရွှေ့ပြောင်းအလုပ်သမားများ၏ သာရေးနာရေး လူမှုရေးအခက်အခဲများကို ထိထိရောက်ရောက် ကူညီဆောင်ရွက်နိုင်ရန်အတွက် လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းနှင့် လက်တွဲဆောင်ရွက်ဖို့
ဖိတ်ခေါ်ပါသည်။
No comments:
Post a Comment