ရခိုင်ပြည်နယ်၊ကျေက်တော်မြို့နယ်၊ ခခပ်ပြင်ကျေးရွာမှ ကိုမောင်ဝင်းသည်
ဖူးကတ်တွင် ပန်းရံအလုပ်သမားဖြစ်ပြီး အလုပ်ဆင်းရာမှ လမ်းတွင်ကားတိုက်ခံရ၍
ဝပ်ချလဆေးရုံ၌ သေဆုံးခဲ့သည်။ ပါသောင်ဘုန်းတော်ကြီးကျောင်းရ၌ အသုဘချ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျိမ်းတောင့်ချေကျေးရွာမှ ကိုအေးညွန့်မောင်
ဖူးကတ်တွင်(ပါသောင်)တွင် ပန်းရံလုပ်နေရာမှ ရုတ်တရက်လေဖြတ်သွား၍
မိမိနေရပ်သို့ ပြန်လည်ပို့ခဲ့သည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက်ကာကျေးရွာမှ ကိုစောဘထွန်းသည်
ဖူးကတ်တွင် ငါးဖမ်းရေလုပ်ငန်းလုပ်ရင်း ကျန်းမာရေးချွတ်ယင်းမှုကြောင့်
ပါသောင်ဆေးရုံး၌သေဆုံးပြီး ကော့စလယ်ဘုန်းကြီးကျောင်းတွင် အသုဘချ
မီးသင်ကြိုခဲ့သည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြို့သစ်ရပ်ကွက်မှ ကိုကျော်သိန်းလှသည်။
ဖူးကတ်တွင် ငါးဖမ်းရေလုပ်ငန်းလုပ်ရာမှ ကျန်းမာရေကြောင့် အလုပ်မလုပ်နိုင်၍
မိမိနေရပ်သို့ပြန်ပို့ခဲ့သည်။
လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းအနေဖြင့် ပြန်လည်ဖွဲ့စည်းပြီးနောက်
တလအတွင်း သာရေးနာရေး လူမှုရေး လေးခုကို ကူညီဆောင်ရွက်နိုင်ခဲ့ပါသည်။
နောက်နောင်လည်း အများအကျိုြး့ပု လုပ်ရက်ကိုပိုမိုထိရောက်စွာ ကူညီဆောင်ရွက်
နိုင်ရန်အတွက် သတင်းအချက်အလက်များနှင့် လူကိုယ်တိုင်သော်လည်းကောင်း၊
ငွေအားဖြင့်သော်လည်းကောင်း ပါဝင်ကူညီဖို့ကို ဖိတ်ခေါ်အပ်ပါသည်။
လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း
No comments:
Post a Comment