ရခိုင်ပြည်သူများသည် စီပွါးရေးကြပ်တည်းမှု၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် မိသားစုစားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အခက်အခဲပြဿနာများကို နေ့တဓူဝ ရင်ဆိုင်နေကြရခြင်းဖြစ်သည်။ ယင်းအခက် အခဲပြဿနာ များကို ဖြေရှင်းနိုင်ရန်နှင့် ဝင်ငွေရရှိရေးအတွက် မိသားစုများနှင့် ကိုယ့်မွေးရပ်မြေကိုစွန့်ခွါပြီး အမျိုးမျိုးသော အခက် အခဲကြားထဲမှ (ပြည်ပ) ထိုင်းနိုင်ငံသို့ အလုပ်အကိုင်
(ပြည်ပ) ထိုင်းနိုင်ငံ၌လည်း မိမိထင်ထားသလို ဖြစ်မလာသည့်အပြင် လုပ်ငန်းခွင်၌ အလုပ်ရှင်များ၏ မတရားခေါင်းပုံဖြတ်ခံရခြင်း၊ ထိုင်းရဲများ၏ မတရားဖမ်းဆီးခြင်းကိုခံရခြင်း၊ အလုပ်သမားအခွင့်ရေး ခံစားမှုမရရှိခြင်း၊ စသည့် အခက်အခဲမျိုးစုံကို ရင်ဆိုင်နေကြရသည်မှာ ပကတိအမြင် ပင်ဖြစ်သည်။
အလားတူဖြစ်ရခြင်းမှာ မိမိတို့၏ တစ်ဦးတစ်ယောက်တည်း ရပ်တည်နေရခြင်း၊အခက်အခဲများကို ဝိုင်းဝန်းကာကွယ်ဖြေရှင်းမှုမရှိခြင်း၊ တစ်ဦးနှင့်တစ်ဦး စုစည်းညီညွတ်မှုမရှိခြင်း
ကြောင့်ဖြစ်ရပေသည်။ အထက်ရည်ရွယ်ချက်ပါ အကြောင်း အရာများကို လူတစ်ဦး တစ်ယောက်တည်း မဖြေရှင်းပဲ စုပေါင်းကာကွယ် ကူညီဖြေရှင်းနိုင်ရန်အတွက် လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းကို ၂၀၀၄-မတ်လ (၂၀) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြသည်။
၂၀၀၄ မှ ၂၀၁၀ ခုနှစ် အတွင်း အကြောင်း အမျိုးမျိုးကြောင့် အသင်း၏ တိုတက်အောင်မြင်မှုများသည် ထင်ထားသလောက်မရရှိခဲ့ပါ။ ၂၀၁၁ ခုနှစ် စက်တင်္ဘာလ (၉) ရက်၊ သောကြာနေ့ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားတွင် အဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများ၏ ဆန္ဒသဘောထားများ ခံယူပြီး ဖေါ်ပြပါ ရည်ရွယ်ချက် (၅) ခုတို့ဖြင့် ထိရောက်စွာ အကောင်အထည် ဖေါ်ဆောင်
နိုင်ရန်အတွက် ပြန်လည်ဖွဲ့စည်းလိုက်သည်။
(၁) လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း သူ/သားများ၏ လူမှုရေးနှင့် သာရေးနာရေး အခက်အခဲများအား ကူညီဆောင်ရွက်ရေး။
(၂) ရခိုင်ရွှေ့ပြောင်း အလုပ်သမားများ၏ သာရေးနာရေး လူမှုရေးကိစ္စတို့အား ဝိုင်းဝန်းကူညီ စောင့်ရှောင့်ရေး။
(၃) ရခိုင်ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး
အခက်အခဲ့များအား ကူညီဆောင်ရွက်ရေး။
(၄) ရခိုင့်ရိုးရာယာဉ်ကျေးမှု အမွေအနှစ်များနှင့် ရခိုင်အမျိုး သားရေးလက္ခဏာများကို ထိမ်းသိမ်းစောင့်ရှောက်ရေး၊
(၅) လေးရပ်ဝတီအတွင်းရှိ ရခိုင်တစ်မျိုးသားလုံး ပိုမိုသွေး စည်းညီညွတ်ရေး။
No comments:
Post a Comment