Wednesday, July 25, 2012

(၂၄) ရက်နေ့ စစ်တွေမြို့ မီးဘေးဒုက္ခသည် ကျောင်းသူ/ကျောင်းသား များအား ကျောင်းသုံးပစ္စည်းများ လှူဒါန်းသည်။





















(၂၄) ရက်နေ့ စစ်တွေမြို့ မီးဘေးဒုက္ခသည် ကျောင်းသူ/ကျောင်းသား
များအား ကျောင်းသုံးပစ္စည်းများ လှူဒါန်းသည့်မှတ် တမ်းဓါတ်ပုံများ


 


ထိုင်းနိုင်ငံ၊ဖူးကတ်မြို့၊ လေးဝတီမျိုးချစ်ရခိုင် လူမှုရေးအသင်းမှ ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ မီးဘေးသင့် ကျောင်းသူ၊ ကျောင်းသားများအားအား ဇူလိုင်လ ၂၄ ရက်နေ့က ဗလာစာအုပ်နှင့်
 ဘောပင်များ သွားရောက်လှူဒါန်းခဲ့သည်။

စစ်တွေမြို့ရှိ မီးဘေးသင့်မိသားစုဝင်များတွင် ပါဝင်သော ကျောင်းသား (၇၁၈) ဦးအား 

တစ်ဦးလျှင် ဗလာစာအုပ် တစ်ဒါဇင်နှင့် ဘောပင် တစ်ဒါဇင်ကျစီ ကယ်ဆယ်ရေးစခန်းများသို့ သွာရောက်လှူဒါန်းခဲ့သည်။သွားရောက်လှူဒါန်းရာတွင် ၀န်လက်ဖောင်ဒေးရှင်းမှ 
ပူးပေါင်းပါဝင်ကာ ၀ိုင်းဝန်းလုပ်ဆောင်ခဲ့သည်။

ကယ်ဆယ်ရေးလုပ်ရာတွင် မိသားစု စားဝတ်နေရေးအပြင် ကျောင်းသားများအတွက် 

 ကျောင်းသုံးစာအုပ်များသည်လည်း အလွန်အရေးကြီးခြင်းဖြစ်သည်။ မီးလောင်ရာတွင် 
ပါသွားသော မိသားစုများတွင် ကျောင်းသူ၊ ကျောင်းသားများသည် ကျောင်းဖွင့်ပြီး တစ်ပတ်ခန့်တွင် မီလောင်သွားရာ ကျောင်းသုံးစာအုပ်များလည်း ဆုံးရှုံးခဲ့သည်။

၎င်းအခက်အခဲများကို မည်သည့်အလှူရှင်များမှ လှူဒါန်းခဲ့သည်ကို မတွေရှိရသဖြင့် ထိုင်းနိုင်ငံ၊
ဖူးကတ်မြို့၊ ရွှေပြောင်းရခိုင်အလုပ်သမားများနှင့် လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ 
ရခိုင်သူ/ရခိုင်သားများ ဒေအလှူကို လှူဒါန်းခဲ့ရပါသည်။

လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း
ဖူးကတ်၊ထိုင်းနိုင်ငံ။




















(၂၄) ရက်နေ့ စစ်တွေမြို့ မီးဘေးဒုက္ခသည် ကျောင်းသူ/ကျောင်းသား
များအား ကျောင်းသုံးပစ္စည်းများ လှူဒါန်းသည့်အမှတ် တရ ဓါတ်ပုံများ၊












လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း

ဖူးကတ်၊ထိုင်းနိုင်ငံ။







No comments: