Thursday, July 26, 2012

လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ ကူတောင်ကျေးရွာတွင် သေဆုံးသွားသူများ၏ မိသားစုဝင်များအားထောက်ပံ့ငွေပေးအပ်၊
















ကူတောင်ကျေးရွာမှသေဆုံးသူ မိသားစုများအား အလှူငွေပေး
အမှတ်တရ ဓါတ်ပုံများ၊





လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း(ဖူခတ်- ထိုင်းနိုင်ငံ) မှ
ဘင်္ဂလီမူဆလင်များ၏ အကြမ်းဖက်မှုကြောင့် ကျဆုံးသွားသော ရသေ့တောင်မြို့နယ်၊
ဂူတောင်ကျွေရွာမှ ကျန်ရစ်သူမိသားစုများအား ထောက်ပံ့ငွေ ပေးအပ်ပွဲ
အခမ်းအနားကို ဂူတောင်ကျေးရွာ၊ မြောက်ကျောင်း ဘုန်းကြီးကျောင်းတွင်
ဇူလိုင်လ ၂၅ ရက်နေ့က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ကျဆုံးသွားသော ကျန်ရစ်သူမိသားစု (၁၀) ဦးအား ထောက်ပံ့ငွေ တစ်ဦးလျှင်
ထောက်ပံ့ငွေ တစ်သိန်းကျစီနှင့် စောင်တထည်၊ ခြင်ထောင် တထည် ပေးအပ်ခဲ့ပြီး
အရေးအခင်းကာလက ဒဏ်ရာ ရရှိကာ လက်ရှိကာလအထိ ဆေးကုသမှု ခံယူနေရသော
ဦးကျော်ဝင်း မိသားစုအား ထောက်ပံ့ငွေ ငါးသောင်းတို့ကို လေးဝတီမျိုးချစ်
ရခိုင်လူမှုရေးအသင်း မှ အတွင်းရေးမှူး ကိုထွန်းထွန်းက ကိုယ်တိုင်သွားရောက်
ပေးအပ်ခဲ့ကြောင်းသိရသည်။







ကူတောင်ကျေးရွာမှသေဆုံးသူ မိသားစုများအား အလှူငွေပေး
အမှတ်တရ ဓါတ်ပုံများ၊

 
ဇွန်လ (၁၉) ရက်နေ့က ရသေ့တောင်မြို့နယ် ဂူတောင်ကျေးရွာမှ
လောင်းချောင်းကျေးရွာမှ ဂူတောင် ကျေးရွာမှ ဦးစောသန်း (အသက်- ၅၀နှစ်)၊
ဦးသံဒါအောင်( အသက်- ၅၄နှစ်) ၊ ဦးတင်လှိုင် (အသက်- ၃၂ နှစ်)၊ ဦးထွန်းပေါ်
( အသက်- ၃၇နှစ်)၊ ဦးသန်းရွှေ( အသက်- ၅၀နှစ်) ၊ ဦးသောင်းရွှေထွန်း ( အသက်-
၅၂နှစ်)၊ မောင်ထွန်းထွန်း (အသက်- ၁၈) နှစ်၊ ဦးဝင်းလှိုင်( အသက်- ၃၁နှစ်)
၊ ဦးကျော်မင်းထွန်း( အသက်- ၄၁နှစ်) ၊ ဦးဂါကျေးရွာမှ ဦးသိန်ဟန်တို့မှ
ဘင်္ဂလီမူဆလင်များ ကအကြမ်းဖက်သတ်ဖြတ်လိုက်ခြင်းကြောင့်
အသက်သေဆုံးခဲ့ရခြင်းဖြစ်သည်။

လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း၊
ထိုင်းနိုင်ငံ၊ ဖူးကတ်မြို့၊


No comments: