သမိုင်းပါမောက္ခ ဒေါက်တာ အေးကျော် အသက်(၇၇)နှစ် (၁-၁၉-၂၀၁၂) ဘ၀တပါးသို့
ကွယ်လွန်အနိစ္စရောက်လားပြီးနောက် ရက်လည်ကို လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း
(ဖူးကတ်၊ ထိုင်းနိုင်ငံ) မှ -၂၇-၀၁-၂၀၁၂- သောကြာနေ့တွင် ကျင်းပခကတ်တေ။
ရက်လည်အလှူပွဲတွင် သံဃာတော်အရှင်မြတ်အား နေ့ဆွမ်းကပ်လှူဒါန်းပြီး
တက်ရောက်လာရေ လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ အသင်းသူ/သားများနှင့်
ဧည့်ပရိတ်သတ်များကိုလည်း အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခပါရေ။
ယင်းနိန့်အချိန်မှာပင် ဆရာကြီးအတွက်ရည်စူပြီး ထိုင်းနိုင်ငံတွင် ယာယီသာသနာပြု ခရီးစဉ်အဖြစ်
ရောက်ရှိနိန်သော၊ရွှေလင်းရောင်ကျောင်းတိုက် ၊ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ၀ိလာသ
ဓမ္မာစရိယ ပြည်တွင်း / ပြည်ပ သာသနာပြု ပုဂ္ဂိုလ် ဒုတိယ သံဃနာယက ဥက္ကဌ အမှတ် (၁၁) ရပ်ကွက် ရွှေပြည်သာမြို့နယ်၊ရန်ကုန်တိုင်း၊ဆရာတော် ဘုရားကြီးအား ပင့်ဖိတ်၍ ညတရားပွဲကျင်းပခကတ်ပါရေ။
အခုပိုင် ဆရာကြီးအား ရက်လည်လုပ်ရခြင်းမှာ ဆရာကြီး၏ မြင့်မြတ်ရေအမျိုးသားရေး အသိစိတ်ဓာတ်နှင့် ပညာအရည်အချင်းများကို လေးစားရေအနိန်ဖြင့် ဆရာကြီးသည် ကောင်းရာသုဂတိကို ရောက်ရှိနိုင်ပါစီ၊
ဖြစ်လီရာ ဘဝမှာ ဒေထက်မက ပညာရှိ အာဇာနီပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ် ဖြစ်နိုင်ပါစီလို့
ဆုတောင်းမိတ္တာအမျှအတမ်း ပီးဝီကြခြင်းဖြစ်ပါရေ။
ဆရာကြီး အခုပိုင် ရုတ်တရက် ကွယ်လွန်ဆုံးလားခစွာ ကျနော်ရို ရခိုင်ပြည်သူများတင်မက မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက်ပါ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပါရေ။ အထူးသဖြင့် ကျနော်ရို့ ရခိုင်ပြည်သူများအတွက်
သမိုင်းပါမောက္ခ၊ သမိုင်းပညာရှင်တစ်ယောက် ဆုံးရှုံးလားခစွာ ရခိုင်ပြည်သူများအတွက် ညာလက်ရုံးတစ်ဖက်ပြုတ်လားခစွာရေပိုင် အစားထိုးမရနိုင်ရေ ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်ပါရေ။
ဆရာကြီး ဆုံးရှုံးလားခစွာ ရခိုင်ပြည်သူများအတွက် ဇာလောက်ထိ ဆုံးရှုံးမှုတစ်ရပ် ဖြစ်ရေလေးဆိုစွာကို
ပြည်တွင်း ပြည်ပ၌ရှိကတ်တေ ရခိုင်ပြည်သူများ သိရှိစေရန်နှင့် ဆရာကြီး၏ အမျိုးသားရေးအသိစိတ်ဓာတ်နှင့်
ကြီးမားမြင့်မြတ်ရေ ပညာဂုဏ်များကို သိရှိစေရန်အတွက်
ဆရာကြီး၏ ကွယ်လွန်ခြင်းရက်လည်ကို ကျင်းပလုပ်ဆောင်ရခြင်းဖြစ်ပါရေ။
No comments:
Post a Comment