Saturday, January 28, 2012

သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာအေးကျော် (ကွယ်လွန်) ခြင်း အတွက် လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း မှ ၀မ်းနည်းကြောင်း သ၀ဏ်လွှာ။

သမိုင်းပါမောက္ခ ဆရာကြီး၏ ကျန်ရစ်ခရေ မိသားစုများ

ရခိုင်လူမျိုးထဲမှ အလွန်တရာ ထူးချွန်ထက်မြတ် ထင်ပေါ်ကျော်ကြားခရေ သမိုင်းပါမောက္ခ
ဆရာကြီး ဒေါက်တာ အေးကျော်သည် မိမိလူမျိုးအတွက် တခုတည်းသာ သမိုင်းကြောင်းဆိုင်ရာတိကို
သင်ကြားပီးခစွာ မဟုတ်ဘဲ သမိုင်းပညာရှင်ပီပီ မြင့်မြတ်ရေစိတ်ထားဖြင့် မြန်မာတစ်နိုင်ငံလုံးနဲ့ ပတ်သက်ရေ သမိုင်းအထောက်အထားတိကိုပါ သမိုင်းအမှန်ကို သိရှိနားလည်စေရန်အတွက် အရှိကိုအရှိအတိုင်းပင်
ထုပ်ဖေါ်သင်ကြား ပို့ချပီးခရေ ပုဂ္ဂိုလ်ကြီး/ထူး တစ်ဦးဖြစ်ပါရေ၊


ယင်းအတွက်ကြောင်းလည်း သမိုင်းလိမ် မြန်မာအစိုးရမှ အကြိမ်ကြိမ်တားမြစ် ပိတ်ပင်နီရေကြားက သမိုင်မှန်ကို ဖေါ်ထုတ်ပီးခရေအတွက်ကြောင့် အစိုးရမှ ဆရာကြီးအား ပြည်နှင်ဒါဏ်အဖြစ် အပီးခံခရရေ၊
ယေကေလေ့ ဆရာကြီးသည် ရောက်တေနိုင်ငံ၊ ရောက်တေအရပ်မှာ မိမိရို့၏ ဖြစ်စဉ်သမိုင်းကြောင်းတိကို
ရဲရဲတောက်တောက် မကြောက်မရွံ့ပဲ ထုပ်ဖေါ်ပဏာ မိမိလူမျိုးဖက်မှ မားမားမတ်မတ် ရပ်တည်ပီးလားခရေ
မျိုးချစ်ပုဂ္ဂိုလ်ကြီး တစ်ဦးလည်းဖြစ်ပါရေ။

ဆရာကြီးသည် မိမိတစ်ဦး တစ်ယောက်တည်းအတွက် ကိုယ်ကျိုးမတွက်ပဲ မိမိရို့၏ ရခိုင်လူမျိုးအတွက်
အနစ်နာခံ၊ ဒုက္ခပေါင်းများစွာခံပဏာ နယ်လှည့်ပြီး သမိုင်းဆိုင်ရာများကို ဟောပြော/ပြသ ပီးခပါရေ။
အတိတ်က ရခိုင်လူမျိုးရို့ သူတစ်ပါးလက်အောက်သို့ ကျလားခရရေ အမှားတိကို သင်္ခန်းစာယူပနာ
လက်ရှိပစ္စုပ္ပန်ကာလမှာ ညီညွတ်မှု မျိုးချစ်စိတ်တိကို တည်ဆောက်ပြီးကေ အနာဂတ် မိမိရို့ ရခိုင်ပြည်ကြီး အီချမ်းသာယာရေးအတွက် ကျရာအခဏ္ဍကနိန်ပြီးကေ ကြိုးစားလားကတ်ဖို့နှင့်၊ သမိုင်းအမှန်ဖက်က ရပ်တည်လားကတ်ဖို့ကိုလည်း အမြဲတမ်း မိန့်ကြားပီးခပါရေ။

ဆရာကြီး၏ ကျေးဇူးတရားတိကား ကျွန်တော်ရို့ ရခိုင်လူမျိုးတိအပေါ်မှာ တကယ်လည်းရောင်ပြန်ဟတ်ခပါရေ။
ဆရားကြီးရေ ပညာရှိတဦးပီသစွာဖြင့် မိမိရို့ရခိုင်လူမျိုးအတွက် တာဝန်ကျေပွန်ခပါရေလို့ ကျွန်တော်ရို့ လက်ခံ
ယုံကြည်မိပါရေ။ ဆရာကြီး ရုတ်တရက် (ကွယ်လွန်) လားခရေအတွက် ကျွန်တော်ရို့နှင့်အတူ ရခိုင်တစ်မျိုး သားလုံးအတွက်သာ မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးအတွက်ပါ အင်မတန်မှ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လားခရပါရေ။

သို့ဖြစ်ပါ၍ တမလွန်ဘ၀သို့ ကူးပြောင်းလားပြီးဖြစ်တေ ဆရာကြီးအတွက် ရည်စူးပြီးကေ လေးဝတီမျိုးချစ် ရခိုင် လူမှုရေးအသင်း (ဖူးကတ်၊ ထိုင်းနိုင်ငံ)မှ ကောင်းမှုကုသိုလ်ကို (၂၇-၀၁-၂၀၁၂) သောကြာနေ့တွင် ပြုလုပ်ပီးခ
ပါရေ။ ဆရာကြီးသည် ရောက်နိန်ရာဘ၀က သာဓုခေါ်ဆိုနိုင်ပြီးကေ၊ ဖြစ်လီရာဘ၀မှာ ယခုဘ၀ထက် မြင့်မြတ်ရေ ပုဂ္ဂိုလ်ထူး/မြတ် ဖြစ်နိုင်ပါစီလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါရေ။

ကျန်ရစ်သူ ဆရာကြီး၏ မိသားစုနန့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း။

လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း
ဖူးကတ်၊ ထိုင်းနိုင်ငံ

No comments: