Wednesday, April 17, 2013
(၉) ကြိမ်မြောက် ရခိုင်ရိုးရာကျင်ပွဲ
          လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း မှကြီးမှုကျင်ပသော (၉) ကြိမ်မြောက်
ရခိုင်ရိုးရာကျင်ပွဲကို ထိုင်းနိုင်ငံ၊ဖူးကတ်မြို့။ဝပ်နခါ တလက်ထိုင်းလော့အနီး (7) ELEVEL လမ်းကြားတွင် ကျင်ပမည်ဟု ကြော်ငြာ ထားခဲ့ပြီး လုံခြုံရေး အခက်အခဲ့
ကြောင်း ယခင် (၈) ကြိမ်တိတိ ကျင်ပခဲ့သော ပါသောင် မနှင်းဆီ ပန်းရံဆိုဒ် သို့
ပြန်လည်ပြောင်ရွှေ့ ကျင်ပခဲ့ရပါသည်။
အခဲ့ မျိုးစုံကို ကြိုးစားခဲ့ရပါသည်၊ ကျင်ပွဲမစတင်မီလည်း မိုးသည်းထံစွာ ရွာသွမ်းခဲ့
မှု့ကြောင်းလည်း ယခင်နှစ်များထက် ကျင်ပွဲစတင်ချိန်နောက်ကျခဲ့ရပါသည်၊
       သို့ဗေမယ့်လည်း ကျင်ပွဲမှာ ယခင်နှစ်များထက် ထူစည်ကားမှုများပြားသည်ကို
တွေ့ရှိရပါသည်၊ကျင်ပွဲကို (၁၄-၀၄-၂၀၁၃) တနင်္ဂနွေနေ့  နေ့လည် (၁၂) နာရီအချိန်တိတိတွင် စတင်ခဲ့ပါသည်၊
တက်ရောက်ကြည့်ရှုအားပေးသူ (၇၀၀) ကျော်ခန့်ရှိပြီး ရခိုင်လူမျိုးများသာမက ထိုင်း၊ နိုင်ငံခြားသား၊ မြန်မာတိုင်းရင်းသား ညီကိုမောင်နှစ်မများ တက်ရောက်ခဲ့
ကြပြီး လေးဝတီမျိုးချစ်ရခိုင်လူမှုရေးအသင်းမှလူငယ်မောင်မေများကြိုးစားအားထုပ်
မှုကြောင်း ဖူးကတ်မြို့မှ ရခိုင်တိုင်းရင်းသားများသာမက ချုံဖော်၊ ဟတ်ယိုင်၊ဆုံခလာ၊ ဖန်င၊ မဲဆောက်၊ ဘန်ကောက်စသည့် မြို့အသီးသီးမှ ရခိုင်တိုင်းရင်းသားများလည်း တက်ရောက်ကြပြီး အကြီးတန်းကျင်သန် (၅၄) ယောက်နှင့်အငယ်တန်း
ကျင်သန်(၁၀၀) တိတိ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်၊
 ကျင်ပွဲ ကွင်းလယ်ဒိုင်အဖြစ် ကိုအာနိုး () မောင်မဲ (မင်းပြာ:) ကိုနေမင်း (မင်းပြား) ခိုင်ကျော်ထွန်း (မင်းပြား) ကိုမြင့်အောင် (ရမ်းဗြဲ) ကိုအာနိုး () ကိုဝင်းစိန် (မင်းပြား) တို့ ကကူညီဆောင်ရွက်ပေးကြပြီး ဆုရရှိသော ကျင်သန်များအား ရွှေမောင်းများအပြင် အင်္ကျီ၊ စလွယ်၊ ပန်းကုံးများလည်း ချီးမြှင့်ခဲ့ပြီး ချီးမြှင့်ရာတွင် ဖူးကတ်မြို့ ပန်းရန်ဆိုက်မှ ရခိုင်သမလေးများဖြစ်သည့် မလှဝင်းခင်၊ မဦးတင်အေး၊ မခင်သန်းနွယ်တို့မှ ပူးပေါင်းပါဝင်ခဲ့ကြသည်၊
      ဆုရကျင်သန်များမှာ………………………………
၁။  အကြီးတန်းရွှေမောင်း ပထမဆုရ ကိုပိုင်ဦး (ကျောက်ဖြူ) ၁၄၀၀၀ ဘတ် (ရွှေ)
     လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း ဥက္ကဌ ကိုစိုးမြင့် မှဆုချီးမြင့်ခဲ့သည်။
၂။ အကြီးတန်း ရွှေမောင်း ဒုတိယဆု ကိုနေမင်း ( မင်းပြား)  ၁၁၀၀၀ ဘတ် (ရွှေ)
    ကိုပိုင်အလှူရှင် ကိုဝင်းစိန်(ခ)ကိုအာနိုး မင်းပြား မှဆုချီးမြင့်ခဲ့သည်။
၃။ အငယ်တန်း ရွှေမောင်း ပထမဆု ကိုစိုးပိုင် (ရမ်းဗြဲ)   ၁၀၀၀၀ ဘတ် (ရွှေ)
    လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း  ဒု-ဥက္ကဌ ကိုဦးသန်းမောင်
    မှဆုချီးမြင့်ခဲ့သည်။
၎။ အငယ်တန်း ရွှေမောင်း ဒုတိယ ကိုရဲမင်းစိုး (ကျောက်ဖြူ)  ၈၀၀၀ ဘတ် (ရွှေ)
   စုပေါင်းပန်းရံဆိုဒ်အလှူရှင် ကိုအမောင် ရမ်းဗြဲ မှဆုချီးမြင့်ခဲ့သည်။
၅။ အထူးဆု ပထမ ကိုထွန်းကြည် (ကျောက်တော်)  ၆၀၀၀ ဘတ်(ရွှေ)
  စူပါရှိတ်ဈေးကုပ္ပဏီအလုပ်သမားများကိုယ်စား မခိုင်ခိုင်ထွန်း မဲဆောက်
  မှဆုချီးမြင့်ခဲ့သည်။
၆။ အထူးဆု ဒုတိယ ကိုတင်ဝင်း (မင်းပြား)  ၃၀၀၀ ဘတ် (ရွှေ)
   လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း ဒုအတွင်းရေးမှုး ကိုမင်းနိုင်ထွန်း
 မှဆုချီးမြင့်ခဲ့သည်။
 ဆက်လက်ပြီး လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း ဥက္ကဌ ကိုစိုးမြင့်
မှ  (၉) ကြိမ်မြောက် ရခိုင်ရိုးရာကျင်ပွဲ အောင်မြင်စွာကျင့်ပနိုင်ခဲ့သည်မှာ လေးဝတီ
အသင်းသူ/အသင်းသားများ၏ ဝိုင်းဝန်းကူညီမှုကြောင်းဖြစ်သည်ကို ကျေးဇူးတင်ရှိပါ
ကြောင်းပြောကြားပြီး၊(၁၀) ကြိမ်မြောက် ရခိုင်ရိုးရာကျင်ပွဲကို ဒေထက်မက
စည်ကားပြီအောင်မြင်စွာဆောင်ရွက်နိုင်ရေးကို ဝိုင်းဝန်းကြိုးစားကြပါရန်တိုက်တွန်း
  ပြီး (၉) ကြိမ်မြောက်ရခိုင်ရိုးရာကျင်ပွဲအောင်မြင်စွာပြီးဆုံးသည်ကို ဝမ်းသာ
ပီတိဖြစ်ကြောင်းပြောကြားယင်း ကြွရောက်လာသော ရပ်ဝေးရပ်နီးမှလာရောက်
အားပေးကြသော နိုင်ငံခြားသားများနှင့်မြန်မာတိုင်းရင်းသားများပါမကျန်ကျင်ပွဲ
သို့လာရောက်အားပေးကြသူများကို ရခိုင်ထမင်းဖြင့်ဧည့်ခံကျွှေးမွေးခဲ့ပါသည်။
                                                    လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း
                                                           ကျင်ပွဲ ဖြစ်မြောက်ရေးအဖွဲ့
                                                             ထိုင်းနိုင်ငံ၊ ဖူးကတ်မြို့။
 (၉) ကြိမ်မြောက် ရခိုင်ရိုးရာကျင်ပွဲ အောင်မြင်စွာပြီးဆုံးကြောင်း
No comments: