Thursday, January 3, 2013

ဓမ္မသဘင် ကျင်းပခြင်း











                 လေးဝတီမျိုးချစ် ရခိုင်လူမှု့ရေးအသင်း (ဖူးကတ်)မှ ကြီးမှူးကျင်းပသော
             ပြည်တွင်ပြည်ပဓမ္မကထိကဆရာတော်အရှင်သီဝလိ အထူးတရားပွဲ ကျင်ပခြင်း

မြန်မာနိုင်ငံသူ နိုင်ငံသားတို့သည် မည်သည့်နေရာတိုင်းဒေသတို့တွင်ရောက်နေစေကာမူ ဗုဒ္ဓဘာသာ၏အဆုံးအမကိုနာခံကျင့်သုံးကြလေ့ရှိကြပါသည်၊ ထို့ကြောင့် ကျနော်များရခိုင်လူမှု့ရေးအသင်းမှကြီးမှူးလျက် ဖူကတ်မြီု့တွင် တိုင်းရင်းသားပေါင်းစုံ ရွှေ့ပြောင်းမြန်မာအလုပ်သမား များ စုပေါင်းကာ ဓမ္မသဘင်ပွဲကိုကျင်းပခဲ့ကြပါသည်၊၊
ပြည်တွင်းပြည်ပဓမ္မကထိကဆရာတော်အရှင်သူမြတ်ဖြစ်သည့် ဘဒ္ဒန္တသီဝလိ ဆရာတော် ကို ပင့်ဖိတ်ပြီးဓမ္မသဘင်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၁၂ နေ့ နေ့လည် ၁၂ ဖူးကတ်မြီု့ရှိ ဝတ်နခါ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဓမ္မသဘင် ခန်းမဆောင်ကြီးတွင် ခမ်းခမ်းနားနား စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်၊တရာတော်နာလာရောက်သောရွှေပြောင်းမြန်မာအလုပ်မသားများ၁၅၀၀ ထောင့်ငါးရာကျော်လာရောက်နာယူကြပါသည်၊
ထို့သို့တရားတော်နာလာရောက်ကြသောပရိတ်သတ်များကိုအာဟာရဒါနအဖြစ်ထမင်းဖြင့်ကျွေးမွေးဧည့်ခံကြပါသည်၊၊
ဆရာတော်မှ လာရောက်နာယူကြသည့်မြန်မာနိုင်ငံသူနိုင်ငံသားတကာ တကာမအပေါင်းတို့အားလိမ်မာယဉ်ကျေးပြီး၊ကြီးပွါးတိုးတက်အောင်အတန်တန်မှာကြားလျက်ဟောကြားတော်မူပြီး၊အစဉ်အမြဲသတိနဲ့ဥာဏ်ပညာမကွာအောင်ထားလုပ်ဆောင်ကြဖို့မြတ်ဗုဒ္ဓ၏တေလပတ္တသုတ္တန်ကိုဥပမာဆောင်ကာဓမ္မရေအေးတိုက်ကျွေးဟောကြားတော်မူခဲ့ပါသည်၊၊

လေးဝတီမျိုးချစ် ရခိုင်လူမှု့ရေးအသင်း
ဖူးကတ်မြို့ 


No comments: