Monday, December 31, 2012

လေးဝတီ မျိုးချစ်ရခိုင်လူမှု့ရေးအသင်း (ဖူးကတ်)မှကြီးမှုးကျင်းပသော ဒီဇင်ဘာလ၃၁ရက် ရခိုင်နိုင်ငံတော်ကျဆုံးခြင်း နေ့အဖြစ် ပြည်တွင်းပြည်ပနည်လှည့်ဓမ္မကထိကဆရာတော် အရှင်သီဝလိတရားပွဲကျင်းပခြင်းနှင့်၂၂၈ နှစ်ပြည့် ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်းအခမ်းအနားကျင်ပခြင်း

ရခိုင်တို့သည်ကိုယ်ထီးကိုယ့်နန်းကိုယ်ကြငှန်းဖြင့်နှစ်ပေါင်း၅၀၀၀ ငါးထောင်ကျော်တိုင် ငြိမ်းချမ်းသာယာစွာဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ကာ ရွှေနန်း မားမား မတ်မတ်ရပ်တည်လျက် နေထိုင်လာကြလေသည်ကို ဗမာဘုရင်ဘိုးတော်မောင်ဝိုင်းနှင့်အပေါင်းပါးများသည်ရခိုင်သက္ကရာဇ်၁၁၄၆ခုနတ်တော်လပြည့်ကျော်၃ရက်တနင်္လလာနေ့ဒီဇင်ဘာလ၃၁ရက်နေ့ ရခိုင်နိုင်ငံတော်ကိုကျူးကျော်သတ်ဖြတ် သိမ်းပိုက်ကာ ရှိသမျှသောရခိုင့်ဘဏ္ဍာတော်များနှင့်တန်းဖိုးကြီးအမွေအနှစ်များကို လုယူကာ ပိုင်စိုးပိုင်နင်း အုပ်ချုပ်လာခဲ့ပါသည်၊ ထို့သို့ မတရားကျူးကျော်သိမ်းပိုက်သောရခိုင့်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခဲ့သည်မှာယနေ့ဆိုလျင်၂၂၈နှစ်ပြည့်ပြီးဖြစ်ပါသည်၊ ဤကဲ့သို့ ကျဆုံးခဲ့သောရခိုင့်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ်အခမ်းအနားကို မိမိ တို့ လေးဝတီ ( ဖူးကတ် ) မှ နှစ်စဉ်ကျင်းပလာခဲ့ပြီးယခု နှစ်ဒီဇင်ဘာလ၃၁ရက်၊၂၀၁၂ယခုနှစ်တွင်ယခင်နှစ်များနှင့်မတူထူးခြားစွာကျင်းပခဲ့ပါသည်၊ အစီစဉ်ကို နှစ်ပိုင်း အနေဖြင့်ကျင်းပခဲ့ကြပါသည်၊ ပထမအစီစဉ်မှာ ပြည်တွင်းပြည်ပ ဓမ္မကထိက ဆရာတော် အရှင်သီဝလိ မှ တရားဓမ္မဟောခြင်းအစီးစဉ်နှင့် ဒုတိယအစီစဉ်အနေဖြင့် ဆရာတော်၏တရားပွဲအပြီး သီးခြားအနေဖြင့် ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်းအခမ်းအနားအစီစဉ်ကို သိုက်သိုက်ဝန်းဝန်းကျင်းပကြပါသည်၊တရားပွဲသို့ရွှ့ပြောင်းမြန်မာ့အလုပ်သမားတိုင်းရင်းသားပေါင်းစုံပရိတ်သတ်(၁၀၀၀) တထောင်ငါးရာနီးပါးတက်ရောက်နာကြားကြပြီး၊၄င်းနောက်ကျင်းပသော ရခိုင်အချုပ်အခြားအာဏာကျဆုံးခြင်း၂၂၈နှစ်ပြည့်အခမ်းအနားသို့ ရခိုင်တိုင်းရင်းသားပရိတ်သတ်များ(၃၀၀)ခန်းတက်ရောက်ဆွေးနွေးကြပါသည်၊ တရားပွဲလာပရိတ်သတ်များနှင့်အခမ်းနားတက်ရောက်လာကြသောအားပရိတ်သတ်များကိုနေ့လည်စာထမင်းကျွေးဧည့်ခံကြပါသည်၊ ယခင်နှစ်များကယခုလိုနေ့တွင်မိမိတို့၏ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်းအခမ်းအနားတခုသာကျင်းပကြခဲ့ကြပေမယ့်ယခုနှစ်တွင် ဝိုင်းဝန်းလုပ်ဆောင်ကြသောလေးဝတီမျီုးချစ်ရခိုင်လူမှု့ရေးအသင်းဝင်များနှင့်အခြားသောပူးပေါင်းဆောင်ရွက်ကူညီကြသူများ စိတ်အားထက်သန်စွာဖြင့်အပင်ပန်းခံကာအထက်ပါကဲ့သို့အစီစဉ်၂ခုဖြင့်အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့ကြပါသည်၊ ပထမအစီစဉ်တခုဖြစ်သည့် ပြည်တွင်းပြည်ပနည်လှည့်ဓမ္မကထိကဆရာတော်အရှင်သီဝလိမထေရ်ကလည်းတိုင်းရင်းသားပေါင်းစုံအား အမြတ်နဲ့ အထုတ်ပိုက် အိမ်ပြန်လာကြဖို့နဲ့ အရက်သေစာရှောင်ရှားကာ အပျော်ပါးမလိုက်စားဘဲ ဘဝကိုသိနားလည်ကာဖြင့် မြတ်ဗုဒ္ဓ၏ တေလပတ္တ ဇာတ်တော်ဖြင့်သာဓကပြ အထူးမှာကြားသြဝါဒတရားများကိုဟောကြားပေးပြီး ၄င်းအရှင်ကိုလည်းစုပေါင်းအလှူငွေအဖြစ်ဘတ်တသိန်းနှစ်သောင်း(၁၂၀၀၀၀ ဘတ်)တိတိကို လှူဒါန်းနိုင်ကြပါသည်၊၊ ဒုတိယအစီစဉ်တခုဖြစ်သည့်ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်းနေ့တွင်လည်းဒေသအသီးသီးမှပူးပေါင်းဆောင်ရွက်တက်ရောက်ကြသော ရခိုင်လူထုမှလည်းအခမ်းအနားတွင်မိမိတို့ရခိုင်ပြည်ကျဆုံးရခြင်းအကြောင်းနှင့်ပြန်လည်ဖေါ်ဆောင်ရန်များကိုအသီးသီးကိုယ်စီ အမြော်အမြင်အတွေးအခေါ်တို့ဖြင့်ဆွေးနွေးတင်ပြခဲ့ကြပါသည်၊သို့ဖြစ်ပါ၍မိမိတို့ရခိုင်လူမျိုးများသည်ကျဆုံးနေပြီးဖြစ်သော ရခိုင့်အချုပ်အခြာအာဏာကိုပြန်လည်တဖန်ရရှိနိုင်ကြဖို့ရန်ရခိုင်အသီးသီးတို့သည်လည်းအချက်လက်များစွာကိုဆွေးနွေးကြပြီး အခမ်းအနားတွင်အောက်ပါအချက်များကိုရွေးနှုတ်ကာသဘောတူလက်ခံဆွေးနွေးကြောင်းကောက်နှုတ်ရရှိပါသည်၊ ၁ ၊၊ ရခိုင်တမျိုးသားလုံးအကျင့်စာရိတ္တကိုမြှင့်တင်ကြရန်တင်ပြဆွေးနွေးကြခြင်း ၊၊ ၂ ၊၊ ရခိုင့်အချုပ်အခြာအာဏာရခိုင့်လက်တွင်းပြန်လည်ရရှိရောက်ရှိအောင်နည်းအမျိုးမျိုးဖြင့်တိုက်ယူကြရန်ဆွေးနွေးတင်ပြကြခြင်း ၊၊ ၃ ၊၊ ယဉ်ကျေးမှု့အမွေအနှစ်များနှင့်မြေ၊ရေ၊လေသဘာဝသယံဇာတများကိုကာကွယ်ထိန်းသိမ်းကြရန် ဆွေးနွေးကြခြင်း ၊၊ ၄ ၊၊ ရခိုင်လွတ်မြောက်ရေးအတွက်တုန့်ပြန်မှု့ပြုကြရန်လိုကြောင်းဆွေးနွေးတင်ပြကြခြင်း ၊၊ ၅ ၊၊ ရခိုင့်လွပ်လပ်ရေးအတွက်ရခိုင်အချင်းချင်းသွေးစည်းညီညွတ်ကြရန်လိုအပ်ကြောင်း ဆွေးနွေးတင်ပြကြခြင်း ၊၊ >လေးဝတီ မျိုးချစ်ရခိုင်လူမှု့ရေးအသင်း ( ဖူးကတ် ) ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၁၂

No comments: