Sunday, September 9, 2012

ထိုင်းနိုင်ငံ၊ ဖူးကတ်တွင် ဦးဥတ္တမ အခမ်းအနားကို လေးဝတီမျိုးချင်းရခိုင်လူမှုရေးအသင်းမှ ဦးဆောင်ကျင်းပ

ထိုင်းနိုင်ငံ၊ ဖူးကတ်မြို့၊ ကော့စလေဘုန်းကြီးကျောင်းတွင် လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ ကြီးမှူး၍ (၇၃) နှစ်မြောက် မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်၊ အာရှာနေ၀န်ရှင် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နေ့လည် ၁၂ နာရီခန့်မှ ညနေ ၄နာရီထိ ကျင်းပခဲ့ပြီး တက်ရောက်လာသူများအား ရခိုင်မုန့်တီဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
အခမ်းအနားသို့ ပြည်ပရောက်ဆရာတော်၊ သံဃာတော်များ၊ ရခိုင်ရွှေ့ပြောင်းအလုပ်သမားများ၊ လေးဝတီ အသင်းသူ အသင်းများ စုစုပေါင်း ၁၀၀ ခန့်တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ရခိုင်သံဃသမဂ္ဂ (RSU) ဥက္ကဌ ဆရာတော်ဦးသီဟမှ နမောဓဿ သုံးကြိမ်ရွက်ဆိုကာအခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများက ဆရာတော်ထံမှ ငါးပါးသီလခံယူခဲ့သည်။
လေးဝတီမျိုးချစ်ရခိုင်လူမှုရေးအသင်း၏ ဥက္ကဌ ကိုစိုးမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး ဆရာတော်ဦးသီးဟမှ ဆရာတော် ဦးဥတ္တမ၏ တော်လှန်းရေးခရီးဖြတ်သန်းခဲ့ပုံကို ရခိုင်လူမျိုးများအတုယူစံနမူနာထားလုပ်ဆောင်ရန် သြ၀ါဒစကားမိန့်ကြားခဲ့သည်။ အသင်း၏ နာယကဖြစ်သူများဖြစ်သော ကိုခင်မောင်သန်း၊ ကိုဌေးဝင်းတို့ကလည်း အသီးသီး အမှာစကား ပြောကြားခဲ့ကြသည်။ အရှင် ၀ဏ္ဏသီရိကလည်း ဆရာတော်ဦးဥတ္တမ၏ အတ္ထုပ္ပတ္တိအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) မှ ဒါရိုက်တာ မြတ်ဆွေဇံမှလည်း ဆရာတော်ဦးဥတ္တမ မြန်မာ့နိုင်ငံရေးထဲသို့စတင်ဝင်ရောက်လာပုံနှင့် ရခိုင်ပြည်တွင်းတွင် ဇွန်လအရေးအခင်းကြောင့် ဒုက္ခရောက်နေသာ ဒေသခံပြည်သူများအား တတ်နိုင်သမျှ ကူညီပံ့ပိုးပေးကြရန် ဦးဥတ္တမ အထိမ်းအမှတ် အခမ်းအနားတွင် အမှာစကားအဖြစ် ပြောကြားခဲ့သည်။
လေးဝတီမျိုးချစ်ရခိုင်လူမှုရေးအသင်း ၀င်တစ်ဦးမှလည်း တက်ရောက်လာသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
တဆက်တည်းမှာပင် လေးဝတီမျိုးချစ်ရခိုင်လူမှုရေးအသင်း၏ နှစ်ပတ်လည် အစည်းအဝေးကျင်းပပြီး အဆိုပါအစည်းအဝေးတွင် ၉၊ ၉၊ ၂၀၁၂မှ လာမည့် ၉၊ ၉၊ ၂၀၁၃ ထိ အသင်း၏ ဥက္ကဌ အဖြစ် ဆက်လက်တာဝန်ယူမည့်သူအား လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးကောက်တင်မြောက်ခဲ့ပြီး ဒု- ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ်ဏ္ဍာရေးမှူး၊ စာရင်းစစ်တို့ကိုလည်း တက်ရောက်လာသော အဖွဲ့ဝင်များ၏ သဘောတူညီချက်ဖြင့် အသီးသီး ရွေးကောက် တင်မြောက်ကာ အခမ်းအနားကို ညနေ (၅) နာရီခန့်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

No comments: