မရွှေသိန်းအေး
အသက် (၂၉) ထိုင်းနိုင်ငံ၊ ဖူးကတ်မြို့တွင်(၂၁ - ၀၅ -၂၀၁၂) တနင်္လာနေ့ကွယ်လွန်
( ရွှေသိန်းအေး ) မှတ်ပုံတင်
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ရွာမပြင်ကျေးရွာမှထိုင်ျးနိုင်ငံ၊ဖူးကတ်မြို့တွင် များမကြာမီကသေဆုံးသွားခဲ့သူ ( မရွှေသိန်းအေး ) ၏ ကျန်ရစ်သူမိသားစု၊ ခင်ပွန်း ကိုမောင်မောင်ဌေး နှင့် ( ၅ )နှစ်အရွယ် သားဖြစ်သူ မောင်ရွှေသိန်းမောင် ( ၂ )နှစ်အရွယ်သမီးဖြစ်သူ မဌေးနန္ဒာလင်းတို့ မိမိနေရပ် ရခိုင်ပြည်သို့ပြန်ရန် အကူအညီတောင်ခံလာခဲ့သည်။
ကိုမောင်မောင်ဌေးအား ဥက္ကဌ ဦးစိုးမြင့် ၊ဒု-အတွင်းရေးမှုး ကိုမင်းနိုင်ထွန်း ၊
ဒု-ဘဏ္ဍာရေးမှုး ကိုခိုင်မြတ်ထူး အလှူငွေပေးအပ်စဉ်။
ကိုမောင်မောင်ဌေးမှာ ဇနီးသေဆုံး၍ စိတ်အားငယ်နေရသည်ကတစ်ကြောင်း၊ ကလေးနှစ်ယောက်လုံးမှာ
အရွယ်ငယ်လွန်းသည်ကတစ်ကြောင်း၊ မိမိမှာထိုင်းနိုင်ငံ အတွင်းဆက်လက်လုပ်ကိုင်စားသောက်ရန် လုံးဝမဖြစ်နိုင်တောသဖြင့် မိမိနေရပ် ရခိုင်ပြည်သို့ပြန်သွားရန် လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းထံ အကူအညီတောင်းခံလာပါသဖြင့် အိမ်အရောက်
လိုအပ်သည့်ငွေများကို အသင်းမှကူညီ ထောက်ပံ့ပေးခဲ့ကြသည်။ဒု-ဘဏ္ဍာရေးမှုး ကိုခိုင်မြတ်ထူး အလှူငွေပေးအပ်စဉ်။
ကိုမောင်မောင်ဌေးအား ရခိုင်သံဃာ့သမဂ္ဂ ဒု-ဥက္ကဋ္ဌ ဆရာတော် ဦးသုစိတ္တမှ အလှူငွေပေးအပ်စဉ်။
ဆက်လက်ပြီး ထိုင်းနိုင်ငံ၊ ရခိုင်သံဃာ့သမဂ္ဂ ဒု-ဥက္ကဋ္ဌ ဆရာတော် ဦးသုစိတ္တ ထံမှလည်း သနားဂရုဏာထားစွာဖြင့် ကျန်ရစ်သူ ကိုမောင်မောင်ဌေး မိသားစုအား ထပ်မံအလှူငွေများ လှူဒါန်းခဲ့သည်၊ ၄င်းရွှေ့ပြောင်း ရခိုင်မိသားစုမှာ (၂၉-၀၅-၂၀၁၂) အင်္ဂါနေ့မှစပြီး ထိုင်းနိုင်ငံမှ မိမိရခိုင်ပြည်သို့ အပြီးပိုင်ပြန်သွားကြပါသည်။
လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း ထိုင်းနိုင်ငံ၊ ဖူးကတ်မြို့။
No comments:
Post a Comment