Friday, May 25, 2012

ရခိုင်ရွှေ့ပြောင်း အလုပ်သမားတစ်ဦး သေဆုံး



မရွှေသိန်းအေး အသက် (၂၉) နှစ်သည် ကျန်းမာရေး ချွတ်ယွင်းမှုကြောင့် ထိုင်းနိုင်ငံ၊ ဖူးကတ်မြို့
ဝတ်ချလ ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် (၂၁ - ၀၅ -၂၀၁၂) တနင်္လာနေ့တွင် ရုတ်တရက်သေဆုံးခဲ့သည်။

မရွှေသိန်းအေးသည် ရခိုင်ပြည် ကျောက်တော်မြို့နယ် ရွာမပြင်ကျေးရွာမှဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဖူးကတ်မြို့တွင်
လင်ယောက်ျားဖြစ်သူ ကိုမောင်မောင်ဌေး၊ သား ရွှေသိန်းမောင်၊ သမီး မဋ္ဌေးနန္ဒာလင်း မိသားစုတို့နှင့်အတူ
ဟတ်ယတ်လမ်း ပြုပြင်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေခြင်းဖြစ်သည်။

မရွှေသိန်းအေးမှာ ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံ ဆေးခန်းများတွင် မကြခဏဆိုသလို ဆေးကုသမှုကို ခံယူနေရသူဖြစ်သည်။ သေဆုံးသူ(မရွှေသိန်းအေး) မှာ အသက် (၅) နှစ်အရွယ် သား တစ်ယောက်နှင့် 
အသက်(၂)နှစ်အရွယ် သမီးလေးတစ်ယောက် ကျန်ရစ်ခဲ့သည်။ 


မရွှေသိန်းအေး၏ ရုပ်ကလပ်အား (-၀၅-၂၀၁၂) အင်္ဂါနေ့ နေ့လည် ()နာရီ အချိန်တွင်  
လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ အသင်းသူ/အသင်းသားများနှင့် ရခိုင်ရွှေ့ပြောင်းအလုပ်သမားများ 
စုပေါင်းကူညီ၍ ကထိုးဘုန်းကြီးကျောင်း မီးသင်္ဂြိုစက်၌ ကောင်းမွန်စွာ သင်္ဂြိုခဲ့ကြသည်။ 

(မရွှေသိန်းအေး) သည် ကောင်းရာသုဂတိကို ရောက်စေရန်အတွက် အသုဘပို့ဆောင်လာသူ လူပေါင်း (၈၀)  တို့နှင့်အတူ ကောင်းမှုကုသိုလ်ပြုလုပပြီး အမျှအတမ်းပေးဝေခဲ့ကြသည်။

လေးဝတိမျိုးချစ် ရခိုင်လူမှုရေးအသင်း ထိုင်းနိုင်ငံ၊ ဖူးကတ်မြို့။

No comments: