Sunday, April 15, 2012

ရခိုင်ရိုးရာကျင်ပွဲကျင်းပခြင်းသတင်း

၁၄၊၄၊၂၀၁၂ ခု နှစ် သင်္ကြန်အကျနေ့ တွင် လေးဝတီမျိုးချစ်ရခိုင်လူမှုရေးအသင်းမှကြီှးမှူးကျင်းပသော (၈)ကြိမ်မြောက် ရခိုင်ရိုးရာ ကျင် ပွဲ ဖူးကတ်မြို့ ပါသောင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။


ယခု နှစ်တွင် အရင်နှစ်များနှင့် မတူဘဲ ကျင် ဝါသနာရှင် ရခိုင်ကျင်သန် များအား ရွှေသားအစစ်ဖြင့် ပြုလုပ် ထားသော ရွှေမောင်း၊ငွေမောင်း များကို ဆုအဖြစ် ချီးမြှင့်ခဲ့ပါသည်၊ယခု နှစ်တွင် ပိုကတ်ရောက် ရခိုင် တိုင်းရင်းသား ကျင်သန် နှစ်ရာကျော် လာရောက်ယှဉ်ပြိုင်ခဲ့ကြပြီးရွှေမောင် (၆၀) နှင့်ငွေမောင်း (၁၄၀)ကျော်၊ ကျင်ပွဲသို့ လာရောက်သော ဧည့်ပရိသတ် များမှာ နှစ်ထောင် ကျော် ခန်ရောက့် ရှိကြောင်းကိုလည်းတွေ့ ရှိရပါသည်။ ကျင်ပွဲ အခန်းနားဖွင့်ပွဲတွင် ရခိုင်ရိုးရာ ကျင်ပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်းပြီး လေးဝတီမျိုးချစ်ရခိုင်လူမှုရေးအသင်း ဥက္ကဋ္ဌ ကိုစိုးမြင့်မှ ရခိုင်ရိုးရာ ကျင်ပွဲ ကျင်းပရခြင်းကိုအကျယ်တဝင့်ရှင်းလင်း ပြောကြားသွားခဲ့ပါသည်၊ရှေ့ ဦးစွာ ရခိုင်ရိုးရာ ကျင်သည် ရခိုင်တိုင်းရင်း သားများအတွက် ရိုးရာ အမွေအနှစ်တခုဖြစ်ပြီး ရှေ့ ရခိုင်မင်း အဆက်ဆက် ကပင် ထွန်းကားလာသော ယဉ်ကျေးမှု အမွေ အနှစ်အားကစားတခုဖြစ်ကြောင်း၊ နောက်ပြီး ရခိုင်ရိုးရာ ကျင် ကို လာမယ့်အရှေ့ တောင်အာရှ အားကစားပွဲတွင် အားကစားနည်းတခု အဖြစ်ထည့်သွင်းကျင်းပမည်ဟု သတင်းရရှိထားပြီး ရခိုင်ရိုးရာ ကျင် ကို အခြားအခြားသော နိုင်ငံများမှစိတ်ဝင်စားမှုရှိလာအောင် ကျင်းပ ခြင်းဖြစ်ကြောင်း နောက် ရခိုင်ရိုးရာ ကျင်ကို ကျင်းပခြင်းဖြင့် လူငယ်များ ဆေးလိပ်သောက်ခြင်း အရက်သေစာ သောက်စားခြင်းမှကင်းဝေးပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး ရခိုင် လူမျိုး များ  တဦးနှင့် တဦးရင်းနှီး ချစ်ခင်မှု ပူပေါင်းပါဝင်ဆောင်ရွက်မှု မိမိယဉ်ကျေးမှု များကို ထိန်းသိမ်း လိုစိတ်ပြင်းပြလာစေရန် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်းကို အကျယ်တဝင့် ပြောကြားသွားပါသည်၊တက်ရောက်လာသော ဧည့်ပရိသတ်များ ကို ရခိုင်ထမင်းဟင်းများဖြင့် တည်ခင်းဧည့်ခံပြီး ညနေ ခြောက်နာခွဲခန့် တွင် ရခိုင်ရိုးရာ ကျင်ပွဲ အောင်မြင်စွာ ပြီးဆုံးကြောင်း အသိပေးတင်ပြလိုက်ပါသည်။

No comments: