နာယက ဟောင်း ဦးခိုင်သန်း(ခေါ်)ဦးသန်းဦး ပိုကတ် တွင်ဆေးကုသခံယူနေစဉ် |
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ညောင်ချောင်းကျေးရွာ၊ ဦးခိုင်သန်း (ခ) ဦးသန်းဦးသည်
ထိုင်းနိုင်ငံ၊ ဖူးကတ်မြို့၊တွင်နှစ်ရှည်လများ အလုပ်လုပ်၍ေ နထိုင်ခဲ့သူဖြစ်ပါသည်။
ဦးခိုင်သန်းသည် ( ၂၀၀၄ )ခုနှစ်၊ လေးဝတီးမျိုးချစ် ရခိုင်လူမှုရေးအသင်း စတင်တည်ထောင်
ဖွဲစည်းစဉ်က အသင်းတိုးတက်ရာ တိုးတက်ကြောင်းနှင့် လုပ်ဆောင်/လမ်းညွန်ချက်များကို ကူညီဆောင်ရွက်နိုင်ရန် အသင်း၏ ( နာယက ) နေရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
များမကြာမီ လွန်ခဲသော (၉) လခန့်လောက်က ကျန်းမာရေးချိုးတဲ့လာသဖြင့် အသင်း၏
အကူအညီဖြင့် ဆေးကုသမှုခံယူခဲ့ပါသည်။ ဆေးကုသမှုခံယူသော်လည်း ပြန်လည်ကျန်းမာလာ
ခြင်း မရှိသည့်အတွက်ကြောင့် လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ ဦးစီးဦးဆောင်ပြုပြီး
မိမိနေရပ် ရခိုင်ပြည်သို့ ပြန်ပို့ပေးခဲ့ပါသည်။ ပြန်ပို့ပြီးနောက်(၄) လလောက်အကြာတွင်
(နာယက) ကြီး ဦးခိုင်သန်းသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ လမ်းမတော်ကျေးရွာ၌
ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။
(နာယက) ကြီး ဦးခိုင်သန်းမှ လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းအနေဖြင့်
ဆေးကုသမှုစရိတ် တတ်နိုင်သလောက် ထောက်ပံ့ပေးကြပါရန် တောင်းဆိုလာခဲသည်။
(နာယက) ကြီးဦးခိုင်သန်း (ခ) ဦးသန်းဦး သည် အသင်း၌တာဝန်ထမ်းဆောင်စဉ် အသင်း၏တာဝန်ရပ်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ဘူးသူဖြစ်ပြီး အသင်းကိုလည်း ချစ်ခင်မြတ်နိုးသူတစ်ဦး ဖြစ်သည့်အတွက် လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ
(၂၈-၀၁-၂၀၁၂) စနေနေ့က ဆေးကုသမှုစရိတ် အကူအညီများ ထောက်ပံ့ပေးခဲ့ကြသည်။
လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း
ဖူးကတ်၊ ထိုင်းနိုင်ငံ။
No comments:
Post a Comment