Tuesday, October 25, 2011

လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း (L A P S W A)၏ သဘောထားများ



(က) လေးဝတီးမျိုးချစ် ရခိုင်လူမှုရေးအသင်းသည် မည်သည့် ပါတီ နိုင်ငံရေးအဖွဲ့အစည်း၏ လက်အောက်ခံမဟုတ်။ သီးသန့်လွတ်လတ်သည့် ရခိုင့်လူမှုရေးအသင်အဖွဲ့တစ်ခုသာဖြစ်သည်။ 

 

(ခ) လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း၏ လုပ်ငန်းစဉ်များ တိုးတက်အောင်မြင်မှုသည် ရခိုင်ပြည်သူများ အတွက်သာဖြစ်သည်။

(ဂ) ရခိုင်ပြည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကိစ္စများတွင် တိုးတက်အောင်ဆောင်ရွက်နေသူများအား မည်သူ့ကိုမဆိုကူညီ   ထောက်ခံအားပေးသွားမည်ဖြစ်ပါသည်။

(ဃ) ရခိုင်အလုပ်သမားများ၏ အခွင့်အရေး၊ သာရေးနာရေးစသော လူမှုကိစ္စအ၀၀ကို အခြားသောအင်အားစုများနှင့် လက်တွဲ၍ တတ်နိုင်သလောက် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်။

(င) ရခိုင်ယှဉ်ကျေးမှု အစဉ်အလာများ၊ ရခိုင့်အမျိုးသား လက္ခဏာများကို ရခိုင်အမျိုးသားများအပြင် မြန်မာနိုင်ငံ တွင်းမှီတင်းနေထိုင်   နေကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ပိုမိုသိမြင်အောင် နည်းမျိုးစုံဖြင့် ဖော်ထုတ်တင်ပြသွားမည်ဖြစ်သည်။


No comments: