၂၀၁၁၊ ဒီဇင်္ဘာလ (၃၁) ရက် (၂၂၇)နှစ်မြောက် ရခိုင်ဘုရင် အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်နေ့ကို လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ ဦးစီးပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။
အထိမ်းအမှတ်ပွဲ၌ ကွန်ပျူတာနှစ်လုံး၊ လက်ကိုင်ဖုန်းနှင့် အခြားပစ္စည်းအမျိုးအမျိုးကို ကံစမ်းမဲအစီအစဉ်အဖြစ် ထည့်သွင်းခြင်း၊
လေးဝတီအသင်း၏ အထိမ်းအမှတ်အဖြစ် ရခိုင်ပြက္ခဒိန်များ ဖြန့်ဝေရောင်းချခြင်း စသည့် အစီအစဉ်များကိုလည်း အသင်း၏ ရန်ပုံငွေရရှိရေးအတွက် ပြုလုပ်သွားမည်ဖြစ်ပါ၍
ထိုင်းနိုင်ငံရောက် ရခိုင်သူ/သားများအနေဖြင့် လေးဝတီမျိုးချစ် ရခိုင်လူမှုရေး အသင်းနှင့်အတူ ၂၀၁၁၊ ဒီဇင်္ဘာလ (၃၁) ရက်
(၂၂၇) နှစ်မြောက် ရခိုင်ဘုရင် အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်း အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲသို့ တက်ရောက်ဆွဲနွေးကြပါရန် ရိုသေလေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ဖူးကတ်၊ ထိုင်းနိုင်ငံ
No comments:
Post a Comment