( ဥက္ကဌ မှဆရာတော်ထံ ရဟန်တပါး အတွက်ဆက်ကပ် လှူဒါန်းနေပုံ )
( အဖွဲသားများနှင့် မြန်မာတိုင်းရင်းသူ - တိုင်းရင်းသားများ ညတရားနာယူနေစဉ်။ )
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်၊ ခေမာဝံသကျောင်းတိုက်၊
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်၊ ခေမာဝံသကျောင်းတိုက်၊
ရခိုင်ပြည်နယ် သံဃာ့နာယကအဖွဲ့ (မူလဒွါရ) အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ (ဓမ္မစရိယ၊
မဟာသဒ္ဓမ္မဇောတိကဓဇ) သည် သာသနာပြု ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဖူးကတ်မြို့သို့ရောက်ရှိလာရာ
လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းနှင့် တွေ့ဆုံးဆွေးနွဲခဲ့ကြပြီး ဆရာတော်မှ တပည့်တကာ၊ တကာမများကို မိတ္တာ စေတနာထားရှိကာ ညတရားပွဲတွင် ကျေးဇူးတင်ပါသည်တရားကို
၂၂ ၊ ၁၁ ၊ ၂၀၁၁၊ အင်္ဂါနေ့၌ ချီမြင့်ခဲ့ပါသည်။
ဆရာတော်၏ ကြွရောက်လာရခြင်းအကြာင်းရင်းမှာ
ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ်ရှိ ကျေးလက်ဒေသများတွင် ရှင်ရဟန်အပါး (၁၀၀၀) ကို ၂၀၁၂ - ခုနှစ် မတ်လတွင် ရှင်ပြု၊ ရဟန်းခံပွဲကျင်းပ ပြုလုပ်သွားမည်ဖြစ်၍
ထိုင်းနိုင်ငံနှင့် နိုင်ငံတကာအသီးသီး၌ရှိကြသည့် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသူ/သားတို့အနေဖြင့် ဆရာတော်နှင့်အတူ သာသနာ့အမွေခံ ကုသိုယ်တော်မြတ်ရရှိနိုင်ရန်နှင့် ဒါနပါရမီကုသိုလ်ကောင်းမှု ပါဝင်နိုင်ရန်အတွက် လာရောက်ခြင်းဖြစ်သည်။
ဆရာတော်၏ သာသနာပြု ကြွရောက်ပြီး နိုင်ငံခြား ခရီးစဉ်များမှာ
ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအို၊ ဂျပန် နှင့်
အမေရိကန်နိုင်ငံများကိုလည်း နိုင်ငံခြားသာသနာပြု ခရီးစဉ်အဖြစ် သွားရောက်ခဲ့ခြင်းဖြစ်ပါသည်။
No comments:
Post a Comment