ရခိုင်ပြည် ဂီရိမုန်တိုင်း (၁) နှစ်ပြည့် အောက်မေ့ဖွယ် ဆုတောင်းပွဲအခမ်းအနားကို
(၂၂- ၁၀ - ၂၀၁၁ -စနေနေ့) နေ့လည်(၁၂း၀၀)နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ဖူးကတ်မြို့၊ လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ ဦးစီးပြီး မုန်တိုင်းဒါဏ်သင့် ရခိုင်ပြည်သူများတို့အား အမှတ်ရစေရန်အတွက် ကျင့်ပရခြင်းဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံအစိုးရမှ ဂီရိလေဘေးဒုက္ခသည်များအား တစ်စုံတရာ ထိရောက်စွာ အကူအညီပေးခြင်းမရှိသည့်အပြင် ပြည်ပမှအကူအညီပေးခြင်းကိုလည်း လေဘေးသင့် ဒုက္ခသည်များထံ ဒါရိုက်မရောက်ရှိဘဲ အစိုးရနှင့်နီးစပ်သူများသာ ရရှိခဲ့ကြသည်။
လေဘေးသင့်ဒုက္ခသည်များအား အကူအညီဆက်လက်လိုအပ်နေပါသေးသည်။
လေးဘေးသင့် ဒုက္ခသည်များအား ကူညီပေးရန်မှာ လက်ရှိအစိုးရအနေဖြင့် တာဝန်အရှိဆုံးဖြစ်ပြီး ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ရခိုင်သူ ရခိုင်သားများမှ ပြန်လည်သတိရကြစေရန်ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ပါသည်။ အခမ်းအနားပွဲ၌
မုန်တိုင်းသင့် ဒုက္ခသည်များ အကူအညီရရှိရေးအတွက်ကို ဆွဲနွဲခဲ့ကြပြီး
ဂီရိမုန်တိုင်းသင့် ပြည်သူတို့၏ ဘဝသရုပ်ပေါ်ဓာတ်ပုံပြခန်းကိုလည်း ပြသခဲ့ကြသည်။
မုန်တိုင်းသင့် ဒုက္ခသည်များ အကူအညီရရှိရေးအတွက်ကို ဆွဲနွဲခဲ့ကြပြီး
ဂီရိမုန်တိုင်းသင့် ပြည်သူတို့၏ ဘဝသရုပ်ပေါ်ဓာတ်ပုံပြခန်းကိုလည်း ပြသခဲ့ကြသည်။
အခမ်းအနားကို နေ့လည် (၁၂)နာရီအချိန်တွင် စတင်ကျင်းပပြီး ညနေ(၄း၀၀)နာရီတွင် အောင်မြင်စွာ ပြီးစီးခဲ့ကြသည်။ အစည်းအဝေးသို့ ဆရာတော်သံဃာများနှင့် ရခိုင်သူ/သား ၅၀ ကျော်၊ တိုင်းရင်းသားများ ၃၀ ကျော် တို့ အခမ်းအနားသို့ တက်ရောက်ပြီး ဂရိမုန်တိုင်းသင့် ဒုက္ခသည်များအား ဆုတောင်းမိတ္တာပို့သခဲ့ကြသည်။
လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း
ဖူးကတ်၊ထိုင်းနိုင်ငံ
No comments:
Post a Comment